Month: November 2023

မြစ်ကြီးနားမြို့အထက်ပိုင်းတွင် အလွန်အကျွံရွှေတူးဖော်သဖြင့် ဒေသခံများ အခက်တွေ့

မြစ်ကြီးနားမြို့အထက်ပိုင်း အာလမ်ကျေးရွာအုပ်စုရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျောက်တွင် အလွန်အကျွံရွှေတူးဖော်နေသဖြင့် ကျေးရွာအတွင်းရှိ လူနေအိမ်ခြံဝင်းများနှင့် အလွန်နီးကပ်လာသောကြောင့် ဒေသခံပြည်သူများစိုးရိမ်နေကြကြောင်း သိရသည်။

ရိခေါဒါရ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးနှစ်ဦးလက်နက်ချအညံ့ခံ

ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့က ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောသည်။ အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို...

ဆားမှော်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်တစ်ဦး ဒဏ်ရာပြင်းထန်

မိုးကောင်းမြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပူးပေါင်းထိုင်သည့် တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်အဆင့်ရှိသူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းသုံးခုကို စွန့်ခွာထွက်ပြေး

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းအချို့ကို စွန့်ခွာထွက်ပြေးသွားသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအလွယ်တကူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၁၄၁ ခုအထိ ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ထား

ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စခန်းများကို ဆက်လက်သိမ်းယူနေပြီး စုစုပေါင်း စခန်း ၁၄၁ ခုကို သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆယ်ဇင်းဒေသခံများကို စစ်ကောင်စီတပ်က ထွက်ခွာခွင့်ပိတ်ထား၊ ထွက်ခွာမည်ဆိုပါက အပြီးအပိုင်ထွက်မည်ဟု လက်မှတ်ထိုးခိုင်း

စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် ပိတ်မိနေသည့် ပြည်သူများကို နေအိမ်နှင့်ပိုင်ဆိုင်မှုများအားလုံး အပြီးအပိုင်စွန့်လွတ်ပြီးမှသာ ကျေးရွာပြင်ပသို့ထွက်ခွာခွင့်ပြုမည်ဟုပြောကြောင်း သိရသည်။

ဖားကန့်တွင် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူ ပိုမိုများပြားလာ

တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဖားကန့်မြို့နယ်တွင် သုံးလအတွင်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း (၁၄) ဦးအထိရှိခဲ့သည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် ကွတ်ခိုင်တွင်အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ယမန်နေ့ညနေ ၆ နာရီခန့်က ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွား၊ စစ်ကောင်စီ စခန်းတစ်ခုကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် မြေစာသယ်ကားကြိတ်ခံရသောကြောင့် ရေမဆေးသမားတစ်ဦးသေ

မြေစာသယ်ကားကြိတ်ခံရ‌သောကြောင့် ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့တွင် ရေမဆေးသမားတစ်ဦး  ‌သေဆုံးခဲ့ကြောင်း သိရသည်။

ဗန်းမောက်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အရာရှိသုံးဦးအပါအဝင် ၈ ဦးသေ

ဗန်းမောက်မြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ခိုက်ခံရမှုတွင် အရာရှိ သုံးဦးအပါအဝင် စုစုပေါင်း ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Banmauk Revolution (BR) က ယနေ့နေ့စွဲဖြင့်...

KNDF က ယမန်နေ့တွင် ပစ်ချလိုက်သည့် တိုက်လေယာဉ်ပြန်တွေ့ပြီ

ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ် (KNDF) က ဖရူဆိုမြို့နယ်တွင် ယမန်နေ့က ၁၂.၇ မမ စက်သေနတ်ကြီးဖြင့် ပစ်ချလိုက်သည့် စစ်ကောင်စီတိုက်လေယာဉ်ကို