ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်းရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းများကို နံနက် ၅ နာရီခန့်မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ဒုံးပိုက်စခန်းကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာနများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖော်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) ကလည်း ပါဝင်နေပြီး ယနေ့နံနက်မှစတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြန်လည်စတင်လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား လအနည်းငယ်ကြာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

သတင်း – Hkashi

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ