မြေစာသယ်ကားကြိတ်ခံရ‌သောကြောင့် ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့တွင် ရေမဆေးသမားတစ်ဦး  ‌သေဆုံးခဲ့ကြောင်း သိရသည်။

ဆိပ်မူအုပ်စု၊ နန့်မှော်ကျေးရွာရှိ ပွင့်ထူးစံမြေစာပုံအနီးတွင် ဆယ်ဘီးကားတစ်စီးက ကြိတ်သွားခြင်းဖြစ်သည်ဟု ရေမဆေးကျောက်ရှာ‌ဖွေသူတစ်ဦးက The 74 Media ကိုပြောသည်။

“တွေ့တဲ့သူပြောပြတာတော့ အခုသေတဲ့လူက မနက်စောစောကျောက်သွားရှာမယ်ဆိုပြီး ထွက်လာတာတဲ့။ကျွန်တော်သွားကြည့်တော့ ကားအောက်မှာ လူကသေနေပြီ။ မိုးကလည်းမလင်းတလင်းဆိုတော့ နှင်းတွေနဲ့ကသိပ်မမြင်ရဘူးလေ” ဟုပြောသည်။

သေဆုံးခဲ့သည့် နန့်မှော်ကျေးရွာတွင်‌နေထိုင်သည့်အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဦးကျော်သိန်းထွန်းဆိုသူမှာ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှော်လကင်ကျေးရွာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးကပြောသည်။

“အလောင်းကိုတော့ လာသယ်သွားကြပြီး၊ မတော်တဆ ဆိုပြီးတော့ခေါင်းစဉ်တပ်ထားတာပဲ၊နောက်ဘယ်လိုလျော်ကြေးကိစ္စရှင်းမလဲတော့မသိဘူး။ခေါင်းတစ်ခုလုံးတော့ပြားချပ်သွားတယ်” ဟုသူကပြောသည်။

‌ဖားကန့်မြို့နယ်တွင် မြေစာပြိုကျခြင်း၊ မြေစာသယ်ကားကြိတ်မိခြင်းတို့ကြောင့် သေဆုံးသူအမျအပြားရှိပြီး ပြီးခဲ့သည့် နိုဋင်ဘာလ ၆ ရက်‌နေ့ကလည်း ဖားကန့်မြို့ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ ဒေသအခေါ်အဲဗားရေကန်အတွင်း  ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ