ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ် (KNDF) က ဖရူဆိုမြို့နယ်တွင် ယမန်နေ့က ၁၂.၇ မမ စက်သေနတ်ကြီးဖြင့် ပစ်ချလိုက်သည့် စစ်ကောင်စီတိုက်လေယာဉ်ကို သံတောင်ကြီးမြို့နယ် ကမာဒီပိုလီနှင့် မရောပိုလီကျေးရွာကြားတွင် တွေ့ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပစ်ချခံရသည့် တိုက်လေယာဉ်သည် K8 ဟု လူသိများသည့် တရုတ်နိုင်ငံထုတ် Hongdu JL-8 လေ့ကျင့်ရေးတိုက်လေယာဉ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖြစ်ပွားသည့် ကချင်တကျော့ပြန်စစ်ပွဲတွင် စစ်ကောင်စီတပ်က အများအပြားအသုံးပြုခဲ့သည်။

ဓါတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ​၏ ကာကွယ်ရေးဝန်ကြီးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ