Month: November 2023

ကောလင်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ စစ်ကောင်စီ ရဲစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း လေးခုကို TNLA ထပ်သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ တပ်စခန်းလေးခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ နေအိမ်နှင့်ဈေးဆိုင်များ ပျက်စီးသွား

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့ မွန်းလွှဲ သုံးနာရီအချိန်ခန့်က ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ချပ်သင်းနယ်မြေရဲစခန်းကို PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်၊ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များ ဘန်ကာအတွင်း ပုန်းအောင်းနေဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် ငါးနာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် ချိတ်ဆွဲထားသည့်စာတန်းများကို စစ်ကောင်စီတပ်က စစ်သား ၁၀ ယောက်ခန့်လုံခြုံရေးယူကာ ဖြုတ်ယူသွား

ဖားကန့်မြို့တွင် ချိတ်ဆွဲထားသော “၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကျွန်ဘဝက လွတ်အောင်ရုန်းကြစို့” ဟူသည့်စာတန်းများကို ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖြုတ်ယူသွားကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” (၇) ရက်မြောက်နေ့တွင် စစ်ကောင်စီစခန်း နှစ်ခုထပ်သိမ်း၊ မြို့လေးခုကို အလုံးစုံထိန်းချုပ်ထားပြီဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” (၇) ရက်မြောက်နေ့၏ နံနက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က စခန်းနှစ်ခုကို ထပ်မံသိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်လိုက်သည်။

“၁၀၂၇ စစ်ဆင်ရေး” ၏ ဆဌမနေ့တွင် စခန်း လေးခုထပ်သိမ်းနိုင်ကြောင်း ညီနောင်မဟာမိတ်ထုတ်ပြန်၊ စခန်း ၉၀ ကျော်သိမ်းပိုက်ထားပြီးဖြစ်သည်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွဲနေသည့် “၁၀၂၇ စစ်ဆင်ရေး” ၏ ခြောက်ရက်မြောက်နေ့တွင် စစ်ကောင်စီစခန်းလေးခုထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း  ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

လက်နက်ကြီးအန္တရယ်ကြောင့် ဗုံးခိုကျင်းတွင်တိမ်းရှောင်နေသည့် သားအမိနှစ်ဦး မြေပိသေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရန်ကြောင့် ဗုံးခိုကျင်းတွင်တိမ်းရှောင်နေသည့် သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာမြေပိသေဆုံးခဲ့ကြောင်းသိရသည်။

ဝဒေသသို့ ကုန်းကြောင်း သို့မဟုတ် လေကြောင်းမှ ကျူးကျော်ဝင်ရောက်လာပါက တိုက်ခိုက်မည်ဟု UWSA ပြော

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်အတွက် စစ်ရေးဆိုင်ရာ ကျူးကျော်ဝင်ရောက်မှုများကို ခုခံတိုက်ခိုက်သွားမည်

လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်၊ မြို့တွင်းရှိဆိုင်များ ပိတ်ထား

စစ်ကောင်စီတပ်က လိုင်ဇာမြို့နှင့် အနီးပတ်ဝန်းကျင်ကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေကြောင်းသိရသည်။

ကြူကုတ်ပန်ဆိုင်းမြို့တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး၊ ဒဏ်ရာပြင်းထန်သူနှစ်ဦးကို ဆေးကုရန် တရုတ်နိုင်ငံ လက်မခံဟုဆို

စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းသိမ်းခံထားရသည့် မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့ကို ယနေ့နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့်