Month: November 2023

မုံကိုးဗျူဟာကုန်းကို ညီနောင်မဟာမိတ်တပ်နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်၊ တိုက်ခိုက်ရေးတင့်ကားတစ်စီးလည်း ထပ်မံသိမ်းဆည်းရမိ

စစ်ကောင်စီ၏ မုံကိုးဗျူဟာကုန်းကို ယနေ့ နံနက်ပိုင်းက ကိုးကန့် (MNDAA)နှင့် ရက္ခိုင့်တပ်တော် (AA) မဟာမိတ်ပူးပေါင်းတပ်ကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ရှိန်ခေါင်ကျေးရွာတစ်ခုလုံးနီးပါး မီးလောင်ပျက်စီး၊ ရှို့မီးလည်းဖြစ်နိုင်သည်ဟုဆို

နယ်စပ်ဒေသဖြစ်သည့် ခေါင်းလန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာတွင် ယမန်နေ့ည ၁၂ နာရီခန့်က ရွာလုံးကျွတ်နီးပါး နေအိမ်များမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသောနေရာကို TNLA ထပ်မံတိုက်ခိုက်သိမ်းပိုက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယနေ့ နံနက် ၆ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့တပ်စွဲထားသောနေရာကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။

ဖားကန့်မြို့အဝင်ရှိ စစ်ကောင်စီစုပေါင်းစစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်း

တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဖားကန့်မြို့၏ မြို့အဝင်စုပေါင်းစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် (၁၀) ခန့်မှ စတင်ကာ ဖြုတ်သိမ်းလိုက်ကြောင်း သိရသည်။

ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ဖားကန့်မြို့ အေးမြသာယာအုပ်စု ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်အတွင်း ယနေ့ မွန်းတည့် (၁၂) နာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

လီဆူလူမျိုးစုများ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရန် ဦးရွှေမင်းဖိတ်ခေါ်၊ အမည်စာရင်းမပေးပါက အိမ်တိုင်ရာရောက်ခေါ်ယူမည်ဟုဆို

ကချင်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဖွဲ့စည်းခဲ့သူ လီဆူနိုင်ငံရေးသမားဦးရွှေမင်းက မြန်မာနိုင်ငံတဝှမ်းလုံးမှလီဆူလူမျိုးစုများ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရန် လီဆူ (ကချင်) စာဖြင့် ဖြန့်ဝေနိုးဆော်လိုက်ကြောင်း သိရသည်။

ကောလင်းမြို့ကို သုံးရက်နှင့်အပြီးသိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် လက်နက်ချအလင်းဝင်

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သုံးရက်အတွင်း အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေးဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ကောလင်းမြို့ကို အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီ၊ လက်နက် ၅၀ ကျော်သိမ်းဆည်းရမိထား

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်သည်။

ဂါးရာယန်နှင့်ကဇူးကျေးရွာတွင် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့လာရောက်တပ်စွဲနေသည်ကို ဒေသခံများကန့်ကွက်နေ၊ အမြန်ဖယ်ရှားစေလိုဟုဆို

မြစ်ကြီနား-ဗန်းမော်လမ်းရှိ ဂါးရာယန်ကျေးရွာနှင့်ကဇူးယန်ကျေးရွာတွင် ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဝင်များ လာရောက်တပ်စွဲနေထိုင်နေသောကြောင့် ဒေသခံများ ကန့်ကွက်နေကြောင်းသိရသည်။

မြစ်ကြီးနားတွင် စစ်ကောင်စီယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်

တန်ဖရဲကျေးရွာဘက်မှ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မြစ်ကြီးနားမြို့နယ်၊ လမုန်းဇွပ်ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နေ့လယ် (၂) နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့က စုပေါင်းဂိတ်ကို KIA သွားရောက်တိုက်ခိုက်ပြီး ရဲနှင့်လဝကတို့ကို ဖမ်းဆီးသွားဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၃) တပ်ဖွဲ့ဝင်များက ယနေ့နံနက် ခုနှစ်နာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ရှိ စုပေါင်းဂိတ်ကိုသွားရောက်တိုက်ခိုက်

“၁၀၂၇ စစ်ဆင်ရေး” နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်မမှန်ကန်ကြောင်း MNDAA ပြော၊ အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ခိုက်မည်ဟုဆို

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းမြောက်တွင်ဖြစ်ပွားနေသော တိုက်ပွဲမှာ MNDAA ခေါင်းဆောင်များ၏ လူမျိုးစုကြားမှပြဿနာဟုပြောခြင်းမှာ မမှန်ကန်ကြောင်း ကိုးကန့် (MNDAA) ပြောကြားလိုက်သည်။