တရုတ်လုပ်ငန်းရှင်များက ဈေးကောင်းပေးဝယ်မှုကြောင့် ပူတာအိုတွင် ရွာလုံးကျွတ်နီးပါး ကျောက်ဂျပိုးရှာဖွေနေ
တရုတ်လုပ်ငန်းရှင်များက ကျောက်ဂျပိုးကို ယခင်နှစ်ထက် ဈေးနှုန်းတစ်ဆခန့်ပိုမိုပေးဆောင်ကာဝယ်ယူနေသောကြောင့် ကချင်ပြည်နယ်၊ ပူတာမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွာလုံးကျွတ်နီးပါး ကျောက်ဂျပိုးသွားရောက်ရှာဖွေနေကြောင်း သိရသည်။