Month: October 2023

စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ကသွားရောက်တိုက်ခိုက်ရာတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

ရွှေကူမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၆၀၂ ကို ယနေ့ နံနက်က ကချင်လွတ်မြောက်ရေးတပ် (KIA) ကသွားရောက်တိုက်ခိုက်ရာတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့နယ်တွင် KIA တစ်ဦးကျဆုံး

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက်ပိုင်းမှစတင်ကာတိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့သည့် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီလိုအပ်နေ

သံတောင်ကြီးမြို့မြောက်ပိုင်း တောင်ငူ – လိပ်သို – လွိုင်ကော်လမ်းရှိ ကျေးရွာလေးရွာမှ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူများ

ရွှေကူတွင် စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ရွှေကူမြို့နယ်၊ ငဘတ်ဝကျေးရွာတွင် စစ်ကောင်စီတပ်က စခန်းချထားသော ဒေသအခေါ်တာဝါတိုင်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်တို့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဆယ်ကျော်သက်သုံးဦးအပါအဝင် ဒေသခံခြောက်ဦးကို ရိုက်နှက်နှိပ်စက်သတ်ဖြတ်ထား

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည့် ယင်းမာပင်မြို့နယ် သဲကုန်းကျေးရွာတွင် ယမန်နေ့ နံနက်က ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခံထားရသည့် ဒေသခံခြောက်ဦး၏ အလောင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။

ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံတစ်ဦးကို သတ်ဖြတ်၊ အခြားဒေသခံတစ်ဦးဒဏ်ရာရ

ခင်ဦးမြို့နယ်သို့ ယမန်နေ့ညနေ ၄ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး

စစ်ကောင်စီတပ်က အနန့်ပါကို လေကြောင်းမှထပ်မံတိုက်ခိုက်

ဖားကန့်မြို့နယ်၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၉ နယ်မြေ၊ အနန့်ပါနယ်မြေတွင် ယနေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်း သိန်းတစ်ထောင်ကျော်ဖိုး မူးယစ်ဆေးဝါးများဖမ်းမိသည်ဟုဆို

ကချင်ပြည်နယ်တွင် တစ်ပါတ်အတွင်း ငွေကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမှု ငါးမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ (CCDAC Myanmar) ၏ အချက်အလက်များအရ သိရသည်။

လေကြောင်းအသုံးပြုပို့ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအများစုကို KIA သိမ်းဆည်းရရှိ

လေကြောင်းအသုံးပြုပို့ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအများစုကို KIA သိမ်းဆည်းရရှိ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်းမဘေးက နမ်ဆန်ယာန်၊ အောင်ဂျာ၊ မဒီးယာန်နဲ့...

ကိုးကန့် (MNDAA) တပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး

ကိုးကန့် (MNDAA) တပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး ကိုးကန့် (MNDAA) တပ်စခန်းရှိတဲ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းခံခဲ့ရသည်။

ရှမ်းမြောက်တွင် ကိုးကန့် (MNDAA) တပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်က ၁၆ ဦးထက်မနည်းသေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း The Kokang Media ကထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူလေးဦးကို ဖမ်းဆီးသွား

စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယမန်နေ့ည ၁၀ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်မှ ဒေသခံပြည်သူလေးဦးကို ဖမ်ဆီးသွားကြောင်း သိရသည်။