Month: September 2023

ရေမဆေးရှာချိန် ကမ်းပါးပေါ်မှရေကန်အတွင်းပြုတ်ကျသည့်အမျိုးသားကို ရှာမတွေ့သေး

ရေမဆေးကျောက်ရှာနေချိန် ကမ်းပါးပေါ်မှလုပ်ကွက်ဟောင်းရေကန်တွင် ပြုတ်ကျပျောက်ဆုံးနေသည့် အမျိုသားကို လက်ရှိအချိန်ထိ မတွေ့သေးကြောင်း သိရသည်။

စစ်ကြောရေးတွင်သတ်ဖြတ်ခံရသည့် အမျိုးသမီးကို မိသားစုဝင်များကြည့်ရှုခွင့်မရဘဲ စစ်ကောင်စီမီးသင်္ဂြိုဟ်

စစ်ကြောရေးတွင် စစ်ဆေးခံရပြီးနောက် သေဆုံးခဲ့သည့် မိုးကောင်းမြို့ ဇင်ယော်ဆီဆိုင်ပိုင်ရှင် အမျိုးသမီး၏ ရုပ်အလောင်း မိသားစုဝင်များကို ကြည့်ရှုခွင့်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ရပ်ကွက်နေပြည်သူများကန့်ကွက်သော်လည်း ပ.လ.န ရပ်ကွက်ရှိလောင်းကစားရုံကို ပိတ်သိမ်းခြင်းမရှိသေး

ရပ်ကွက်နေပြည်သူများစုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့သည့် မြစ်ကြီးနားမြို့ ပ.လ.န ရပ်ကွက်ရှိ လောင်းကစားရုံကို နှစ်လကျော်ကြာသည်အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ဗန်းမော်တွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့

ဗန်းမော်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က ပိုင်ရှင်မဲ့အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်းသိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရိုက်နှက်ခဲ့သဖြင့် ပြည်သူတစ်ဦး ဆေးရုံတက်ကုသမှုခံယူခဲ့ရ

အင်းတော်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက ရိုက်နှက်ခဲ့သဖြင့် အရပ်သားပြည်သူတစ်ဦး လွန်ခဲ့သည့်အပတ်က ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ထောက်လှမ်းရေးလာလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အရပ်ဝတ်ဖြင့် မြေပြင်အခြေအနေထောက်လှမ်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ယနေ့ ၉ နာရီခန့်က ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန် ထွက်ပြေးခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ပုလဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ပုလဲမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က အတင်းအကြပ်ပြောင်းရွှေ့ခိုင်း

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဟောင်ပါးကျေးရွာတွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲမည်ဖြစ်သည်ဟုဆိုကာ ဒေသခံများကို အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့

ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့ ဆိပ်မူအုပ်စုတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ဆားလင်းကြီးဒေသခံတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီသင်္ဘောမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး လက်နက်ငယ်ကြောင့် ယမန်နေ့ညနေ ၆ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်မှ ဒေသခံအမျိုးသမီးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။