Month: September 2023

ဖားကန့်တွင် ဆေးခန်းလာပြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ကားဖြင့်ဆေးခန်းလာပြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ညနေ ငါးနာရီခွဲအချိန်ခန့်က KIA – KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စခန်းသိမ်းတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် KPF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဒရူခကျေးရွာတံတားရှိ စစ်ကောင်စီတပ်စခန်းအား သွားရောက်တိုက်ခိုက်ခဲ့သည့်စခန်းသိမ်းတိုက်ပွဲတွင်

စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သော မသန်စွမ်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့သတ်ဖြတ်ခဲ့သော မသန်စွမ်းအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ရွှေကူမြို့၊ ဆင်တပ်ကျေးရွာရှိ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ယနေ့ နေ့လယ်ပိုင်းကတွေ့ရှိခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ ၁၀ ဦးခန့် သေဆုံးပြီး KIA နှစ်ဦးကျဆုံးဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဒရူခကျေးရွာတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် မီးပြတ်နေသောကြောင့် ပြည်သူများ အခက်တွေ့၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရ

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေသောကြောင့် မီးပြတ်သည့်ဒဏ်ခံရသည့် ဒေသခံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြေရှင်းနေရကြောင်းသိရသည်။

ဖားကန့်တွင် စစ်ကောင်စီစခန်းတစ်ခုကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီ နှစ်ဦးသေဆုံးဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်နှင့်နမ္မဖြစ်ကျေးရွာကြားရှိ ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များကို ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နဘားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊ ဒေသခံအချို့ ကျေးရွာအတွင်း ပိတ်မိနေ

စစ်ကောင်စီတပ်နှင့် KIA-PDF ပူးပေါင်းတပ်တို့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊အင်းတော်မြို့နယ် နဘားကျေးရွာအနီးရှိ ဒေသအခေါ် မိုက်ခရိုဝေ့ (နန့်မကျိုင်း)လမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် စက်ဘီးနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၊ နှစ်ဦးစလုံး စိုးရိမ်ရဟုဆို

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ယနေ့ ညနေ ငါးနာရီခန့်က ဆိုင်ကယ်နှင့် စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာများနှင့် ရွှေဖောင်များကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်း နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်နှင့် ရွှေဖောင်များကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံများကိုလည်း ဖမ်းဆီးနေကြောင်းသိရသည်။

ဖားကန့် မှော်စီစာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ခြောက်နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ကျောက်စိမ်းကုမ္ပဏီတစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်

စစ်ကောင်စီတပ်ဖွဲဝင်များက ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်ဘက်သို့ ယနေ့ နံနက်(၁၁)နာရီခွဲအချိန်ခန့်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ကျောက်စိမ်းရှာဖွေစဉ် ကမ်းပါးပေါ်မှပြုတ်ကျသေဆုံးခဲ့သူ၏ ရုပ်အလောင်းပြန်တွေ့

ဖားကန့်မြို့ ၊ မှော်စီစာကျေးရွာတွင် ယနေ့ ညနေ ၂ နာရီခန့်က ပုပ်ပွနေသည့် ရေမဆေးသမားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။