မြစ်ကြီးနားတွင် စက်ဘီးနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၊ နှစ်ဦးစလုံး စိုးရိမ်ရဟုဆို
မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ယနေ့ ညနေ ငါးနာရီခန့်က ဆိုင်ကယ်နှင့် စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။