စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းမှ စစ်ရှောင်ပြည်သူများအတွက် NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခွန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က ယာယီတဲ အလုံးပေါင်း တစ်ရာကျော် ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများအပြင် ယာယီတဲ ၁၀၈ လုံးကို ကိုးရီးယားရှိ မြန်မာနိုင်ငံသားများ၏ ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများဖြင့် ဆောက်လုပ်ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခွန့်ခွဲရေး ဝန်ကြီးဌာန (NUG – MOHADM) အနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ စစ်ဘေးသင့်ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှု အကူညီများ ပေးအပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နေအိမ်နှင့် အဆောက်အဦးပေါင်း ခုနှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းအတွင်းမှ ငါးသောင်းကျော်ပါဝင်ကြောင်း Data For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း – Thu Ta

ဓာတ်ပုံ – MOHADM

 

သင့်ထင်မြင်ချက်ရေးပေးပါ