Month: May 2021

စစ်​ကောင်စီအဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို ရိုက်နှက်ဖမ်းဆီး မြစ်ကြီးနား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့မရပ်ကွက် စာကြည့်တိုက်ရှေ့တွင် ယနေ့ည ၉နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်မောင်းနှင်လာ​သော အမျိုးသားတစ်ဦးအား ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖားကန့်တွင် ကိုဗစ်-၁၉ သံသယလူနာတစ်ဦး​တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မေတ္တာရှင် အခမဲ့ဆေးခန်းတွင် လာရောက်ကုသနေသည့် အမျိုးသားလူနာတစ်ဦးတွင် ကိုဗစ်လက္ခဏာနှင့် ဆင်တူသည့် လက္ခဏာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ရှဒူးဇွပ်အခြေစိုက် စစ်ကောင်စီတပ်က ကေအိုင်အေကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နန်းမားမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဇနီးမောင်နှံ ခံဝန်ဖြင့် ပြန်လွတ်လာ

ကချင်ပြည်နယ် နန်းမားမြို့ရှိ မြို့မရန်အောင် ရပ်ကွက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့်ဇနီးမောင်နှံကို မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနား- ပူတာအိုလမ်းတွင် ဆီဘောက်ဆာကားနှစ်စီး မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဆွန်ယန်နှင့် မိုင်ထောင်ကြား မြစ်ကြီးနား – ပူတာအိုလမ်း မိုင်တိုင် (၁၀၈) တွင် မေလ ၁၉ ရက်နေ့ နေ့လယ် ၂...

ဖားကန့်မြို့နယ်က ယုဇနကုမ္ပဏီ ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့၊ ရှထူးဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီသည် ယမန်နေ့ညက ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

တနိုင်းအမတ် ဦးလင်းလင်းဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကို ယ​နေ့ မွန်းလွဲ ၁၂နာရီခန့်က စစ်​ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာ​ရောက်ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီက MPT ဖုန်းလိုင်း ဖြတ်တောက်ထား

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီက MPT ဖုန်းလိုင်း ယနေ့ နံနက် ၁၀နာရီခန့်မှစတင်ပြီး ဖြတ်တောက်လိုက်ကြောင်း သိရသည်။

ကိုဗစ်ကာလက ချေးငွေများဆပ်ရန် CDM ဝန်ထမ်းများကို စစ်ကောင်စီမှ အကြောင်းကြားစာပို့

ကချင်ပြည်နယ် အစိုးရနည်းပညာအထက်တန်းကျောင်းမှ CDM ဝန်ထမ်းများအား ၂၀၂၀ ခုနှစ် အောက်တိုဘာလက ထုတ်ချေးပေးထားသော ငွေအား ပြန်လည်ပေးသွင်းရန် မေလ ၁၇ ရက်နေ့က စစ်ကောင်စီမှ အကြောင်းကြားစာပေးပို့ခဲ့သည်ဟု...