ဖားကန့်မြို့နယ်က ယုဇနကုမ္ပဏီ ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့၊ ရှထူးဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီသည် ယမန်နေ့ညက ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

ဖားကန့်မြို့နယ်က ယုဇနကုမ္ပဏီ ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခံရ

 

ဝန်ထမ်းအိမ်ယာအချိုနှင့်ကားတစ်စီး ဖျက်စီးခံရကြောင်း အမည်မဖော်လိုသော မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“အခုက ဘတ်ဟိုးနှစ်စီးနဲ့ ပြန်ဖျက်ဆီးတာ ဝန်ထမ်းအိမ်တချို့နဲ့ ကားတစ်စီးလည်း မီးလောင်နေတယ်။ ကားဂိုထောင်တွေ အလုပ်ရုံတွေကို ဖျက်ဆီးထားတယ်။ ကုမ္ပဏီမပြောင်းရွေ့သေးလို့ ထပ်သတိပေးတဲ့ သဘောဖြစ်မယ်ထင်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း မီးရှို့ဖျက်စီးခံခဲ့ရပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖျက်စီးခံခဲ့ရခြင်းဖြစ်သည်။
ကေအိုင်အေအဖွဲ့မှ အဆိုပါကုမ္ပဏီအား ပြောင်းရွေ့ပေးရန် သတိပေးထားသော်လည်း မပြောင်းရွေ့သည့်အတွက် ယခုကဲ့သို့ မီးရှို့ခဲ့ကြောင်း ပြောဆိုမှုများရှိနေသော်လည်း အတည်မပြုနိုင်သေးပါ။
ယုဇနကုမ္ပဏီသည် မြေယာပြဿနာများ၊ မူးယစ်ဆေးဝါးကိစ္စနှင့် ရွှေသတ္တုတူးဖော်မှုများကြောင့် ဒေသခံများနှင့် ပြေလည်မှုမရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။

ယခင်နှစ်ကလည်း စက်ရုံလုံခြုံရေးဟုဆိုကာ စစ်သားများ ကုမ္ပဏီတွင် နေထိုင်ခဲ့သည်သည့်အပြင် ဒေသခံများ၏ မြေယာများကို သိမ်းယူကာ ဘုန်းကြီးကျောင်းဆောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ