ပူတာအိုလမ်း

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဆွန်ယန်နှင့် မိုင်ထောင်ကြား မြစ်ကြီးနား – ပူတာအိုလမ်း မိုင်တိုင် (၁၀၈) တွင် မေလ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီခန့်အချိန်တွင် ဆီဘောက်ဆာကား နှစ်စီး မီးရှို့ခံရကြောင်း သိရသည်။

ဓာတ်ဆီတင်လာသော ဆီဘောက်ဆာကား နှစ်စီးသည် ဆွန်ယန်နှင့် မိုင်ထောင်ကြားတွင် မီးရှို့ ခံရပြီး ကားသမားမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက The 74 media ကိုပြောသည်။
“မနေ့က ၁၉ ရက်နေ့ နေ့လယ် ၂နာရီလောက်က လောင်တာ ကျွန်တော်တို့လည်း ရှေ့မှာရောက်တာနဲ့လောင်တာပဲ မြင်လိုက်တာ ရှေ့က တစ်စီးက ဘယ်လိုဖြစ်တယ်ဆိုတာ သေချာမတွေ့ဘူး နောက်က တစ်စီးက မီးလောင်တာတွေ့လိုက်တယ် ကားသမားနှစ်ယောက်စလုံးက ဒဏ်ရာ ရတာ ဟုတ်တယ် အသက်တော့မသေဘူး” ဟု သူကပြောသည်။
မီးလောင်ခဲ့သော ဆီဘောက်ဆာကားသည် တိုင်းကျော်စက်သုံးဆီ ဖြန့်ချီရေးမှဖြစ်ပြီး မြစ်ကြီးနား မှ ပူတာအိုသို့ တက်လာစဉ်တွင် ဖျက်ဆီးခံရခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ ဓာတ်ဆီတင်ဆောင်လာသော ဆီဘောက်ဆာကားများ မကြာခဏ တိုက်ခိုက် ဖျက်ဆီးခံရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ