စစ်ကောင်စီတပ်(စကစ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် ခလရ ၂၉၇ သည် နံနက်ပိုင်း ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ခလရ၂၉၇ တွေက လက်နက်ကြီးတွေနဲ့ လိုက်ပစ်ပေးတာ၊ နာရီဝက်တစ်ကြိမ်စီလောက်ပစ်တယ်၊ ရှစ်လုံး ဆယ်လုံးလောက်ပစ်တယ်” ဟု ပြောသည်။
ယမန်နေ့ညက ဖျက်ဆီးခံလိုက်ရသည့် ရှထူးဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီ ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည် ဟုသူကဆက်ပြောသည်။

လွန်ခဲ့သည့် ဧပြီလကလည်း ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းများကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ