Month: May 2021

လိုင်ဇာအနီးတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိစစ်စခန်းများကို စစ်ကောင်စီက ယနေ့ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အင်ဂျန်ဒုံရပ်ကွက်တွင် အလှူလုပ်သည့် လူငယ်များအဖမ်းခံရ

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်တွင် ” ပိုသူလှူ လိုသူယူ” အစီအစဉ်ပြုလုပ်နေသည့် “Myitkyina Young” အသင်းမှ လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးသွားသည်ဟု သိရသည်။  ...

ဗန်းမော်မြို့သုံးမိုင်တပ်မှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်နေ

ဗန်းမော်မြို့ သုံးမိုင်တပ်ဝန်းကျင်၌ လက်နက်ကြီးသံများနှင့် လေယာဥ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။  

အကြမ်းဖက်သောင်းကျန်းသူ အလိုကျ ဖြစ်မလာစေဖို့

အကြမ်းဖက်သောင်းကျန်းသူဆိုတာဘယ်သူလဲ ကမ္ဘာပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုး ရှိကြသည်။ အယ်လ်ခိုင်ဒါး၊ တာလီဘန်နှင့် ISIS တို့သည် မြန်မာပြည်သူများကြားဖူးပြီးဖြစ်သည့် ကမ္ဘာကျော်အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာအမွှာညီနောင်ကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁...

ညကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသား ၄ဦးကိုဖမ်းဆီး၊ ပိုက်​​ဆံ​ပေး​နိုင်သောသူများကို ပြန်လွှတ်​

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးတွင် ညကင်းလှည့်​နေ​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်စီးလာသော အမျိုးသား ၄ ဦးဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။