ညကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသား ၄ဦးကိုဖမ်းဆီး၊ ပိုက်​​ဆံ​ပေး​နိုင်သောသူများကို ပြန်လွှတ်​
မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးတွင် ညကင်းလှည့်​နေ​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်
ဆိုင်ကယ်စီးလာသော အမျိုးသား ၄ ဦးဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ညကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသား ၄ဦးကိုဖမ်းဆီး၊ ပိုက်​​ဆံ​ပေး​နိုင်သောသူများကို ပြန်လွှတ်​

ယ​နေ့ည ၉ နာရီခွဲအချိန်က တပ်ကုန်းရွှေလမ်းမကြီးအတိုင်း မောင်းနှင်လာသော ဆိုင်ကယ် ၂စီးနှင့်
အမျိုးသား ၄ ဦးအား စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်​တွေ့ရှိသူက ​The 74 Media ကိုပြောသည်။
ဆိုင်ကယ်စီးလာသူများကို ဖမ်းဆီးသွား​သော်လည်း ကားဖြင့်မောင်းနှင်လာသောသူများကိုမူ ကားမှန်များရိုက်ခွဲပြီး​
ပိုက်ဆံတောင်းကာ ပြန်လွှတ်​ပေးလိုက်ကြောင်း သူက ဆက်​ပြောသည်။
“ဆိုင်ကယ်နဲ့လာတဲ့ ၄ ယောက်ကိုတော့ ခေါ်သွားတာတွေ့လိုက်တယ်။
ကားကိုက​တော့ ရပ်ခိုင်းပြီးမှ အထဲကလူတွေကို ထွက်ခဲ့ဖို့ပြောတယ်။
ကားမှန်လည်း အားလုံးနီးပါး ရိုက်ခွဲပေးလိုက်တယ်။
ဒါပေမယ့် ကားနဲ့လာတဲ့သူတွေကိုတော့ ပိုက်ဆံ​တောင်းပြီး ပြန်လွှတ်ပေးလိုက်တယ် ” ဟုပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသည့် ၄ ဦးတွင် ၁ ဦးအား ဆိုင်ကယ်ပေါ်မှ ဆွဲချ၍ ကျောကုန်းကို ရိုက်နှက်ခဲ့ကြောင်း သူကဆက်ပြောသည်။
ယ​နေ့ည မြစ်ကြီးနားမြို့တွင် စစ်​ကောင်စီတပ်များက
စစ်ကား၊ ရဲကားနှင့် အိမ်စီးကားများအပါအဝင် တင့်ကား ၃စီးနှင့် ကင်းလှည့်နေ​ကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ