မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်တွင် ” ပိုသူလှူ လိုသူယူ” အစီအစဉ်ပြုလုပ်နေသည့်

“Myitkyina Young” အသင်းမှ လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးသွားသည်ဟု သိရသည်။

 

 

ဖမ်းဆီးခံရသည့်လူငယ် ၁၁ ဦးတွေ အမျိုးသမီး ၅ ဦးလည်း ပါဝင်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

” ၆ နာရီ ၅၆ မိနစ်လောက်မှာ လူငယ် ၁၁ ယောက်ကိုဖမ်းသွားတာဟုတ်တယ်။ ကျွန်တော်မြင်လိုက်တာက မိန်းကလေး ၅ ယောက်ပါတယ်။

လူငယ်တွေက စျေးသွားတဲ့လမ်းဘေးက သစ်ပင်အောက်မှာ ဟင်းသီးဟင်းရွက်တွေ လာဝေတာဟုတ်တယ်” ဟုပြောသည်။

လူငယ်များအား လာရောက်ဖမ်းဆီးချိန်တွင် ရဲကား ၂စီး၊ စစ်ကား ၂စီးနှင့် တင့်ကား ၂စီးဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

Myitkyina Young လူငယ်အဖွဲ့သည် ပိုသူလှူ လိုသူယူအစီအစဉ်ကို မတ်လမှစတင် လုပ်ဆောင်နေသူများဖြစ်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ