Month: May 2021

ကွတ်ခိုင်နှင့် သိန္နီမြို့ကြား စစ်ကောင်စီတပ်နှင့် TNLA နှင့် MNDAA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ကြားရှိ ရင်ကွဲတောင်အနီး ယနေ့ မေလ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအောင်းတပ် TNLA နှင့်...

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ လူနေအိမ်တွင် ဗုံးသီးကျခဲ့သော်လည်း မပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီး၌ ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် လူနေအိမ်အတွင်းသို့ ဗုံးသီးတစ်လုံးကျရောက်ခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခတ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယနေ့ည ၉ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်များသည် လက်နက်ကြီးများပစ်ခတ်ပြီး ရပ်ကွက်တွင်း၌ သေနတ်များ လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မြစ်ကြီးနားတက္ကသိုလ် တက္ကသိုလ်ကောင်စီ၏ အစည်းဝေးဆုံးဖြတ်ချက်အရ လက်ရှိ စစ်ကောင်စီလက်အောက် မြစ်ကြီးနားတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသူများကို ရာထူးမှ ထုတ်ပယ်ကြောင်းကြေညာ

လောပီတကျေးရွာတွင် စစ်ကောင်စီက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

ကယားပြည်နယ် လောပီတကျေးရွာတွင် ယမန်နေ့ မေလ ၃၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်က ကျောက်တောင်ရပ်ကွက်မှ ရှမ်းရွာရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသော...

ဗန်းမော်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်ကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဟိန်းဝင်းလတ် (ခေါ်) ကိုဝက်ကြီးအား ယနေ့ည ၇နာရီ ၁၅ မိနစ်ခန့်ကညောင်ပင်ရပ်နေအိမ်၌ရှိနေစဉ် ရဲများဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီက ရွှေကူနှင့် ကသာမြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဘိုကုန်းအရှေ့ဘက်ကမ်း၊ ညောင်လျှိဝင်ဗိုလ်ကုန်းနှင့် ကသာမြို့နယ် မိုးတားတွင် ယနေ့ညနေ ၅ နာရီခန့် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည်ဟု ဒေသခံများထံမှ သိရသည်။

ကယားပြည်နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်မှ တံတားနှစ်စင်း ဖောက်ခွဲခံရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ကြားရှိ ကဒါးလားကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက တံတားနှစ်စင်း ဖောက်ခွဲခံဖျက်စီးခံခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ် မနကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ မနကျေးရွာအုပ်ချုပ်ရေးမှူးကို ယနေ့ မွန်းလွဲ ၂ နာရီခန့်က အမည်မသိ လက်နက်ကိုင်များ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ဟိုကပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဟိုကပ်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းနှင့်ဇနီး တို့ကို ယမန်နေ့ မေလ ၃၀ရက်နေ့ ၆ နာရီ ဝန်းကျင်ခန့်က ၎င်း၏နေအိမ်ရှိ ဈေးဆိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း...

နမ့်ဖတ်ကာတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး သေဆုံး

ကွတ်ခိုင်မြို့အနီး နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ညီနောင်မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။