ရှမ်းပြည်နယ်မြောက်ပိုင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီး၌ ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် လူနေအိမ်အတွင်းသို့ ဗုံးသီးတစ်လုံးကျရောက်ခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

 

 

 

 

နမ့်ဖတ်ကာကျေးရွာရှိ ဦးအင်ဘွေဂမ်ဂျာ၏ နေအိမ်တွင် ဗုံးသီးကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိခဲ့ပါ။

နမ်ဖက်ကာကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁နာရီခန့်က ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော AA၊ TNLA နှင့် MNDAA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၁ဦး သေဆုံးသွားကြောင်းသိရသည်။

Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ