ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ကြားရှိ ရင်ကွဲတောင်အနီး ယနေ့ မေလ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအောင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လားရှိုးအခြေစိုက်သတင်းမီဒီယာများက ဖော်ပြထားသည်။

 

တိုက်ပွဲက နာရီဝက်ခန့်ကြာမြှင့်ခဲ့ကြောင်း TNLA အရာရှိတစ်ဦးကို ကိုးကားပြီး လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီက ရေးသားထားသည်။

 

ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ရခိုင့်တပ်တော် (AA) နှင့် ကိုးကန့်တပ် (MNDAA) များနှင့် စစ်ကောင်စီတပ်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ