စစ်ကောင်စီက ရွှေကူနှင့် ကသာမြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဘိုကုန်းအရှေ့ဘက်ကမ်း၊ ညောင်လျှိဝင်ဗိုလ်ကုန်းနှင့် ကသာမြို့နယ် မိုးတားတွင် ယနေ့ညနေ ၅ နာရီခန့် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ရွှေကူနှင့် ကသာမြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

စစ်ကောင်စီတပ်များ ဗုံးကြဲခဲ့သည့် ဘိုကုန်းအရှေ့ဘက်ကမ်း၊ ညောင်လျှိဝင်ဗိုလ်ကုန်း နေရာသည် ယခင်က ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ သွားလာခဲ့သည့်နေရာဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“နှစ်ကြိမ်အထက်ဝဲပြီး နောက်အကြိမ်မှာ နိမ့်နိမ့်လေးဆင်းပြီး နှစ်လုံးချသွားတာ။ အဲကုန်းမှာဘယ်သူမှမရှိကျတော့ဘူး။ အရင်ကတော့ အဲ့နေရာမှာ KIA တွေ သွားလိုက် ပြန်လိုက်တော့လုပ်တယ်။ စခန်းတော့မချဘူး” ဟုသူကပြောသည်။
စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကျေးရွာအနီးတွင်လည်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှိမည့်နေရာ ဟုခန့်မှန်းကာ ဗုံးတစ်လုံးချခဲ့သည်ဟု ဒေသခံနောက်တစ်ဦးက The 74 Media ကိုပြောသည်။
“ဟုတ်တယ်ဗျ ဘိုကုန်းအရှေ့ဘက်ကမ်း၊ ညောင်လျှိဝင်ဗိုလ်ကုန်းမှာ ၂လုံ၊း မိုးတားလေး တိုက်ပွဲဖြစ်တဲ့နေရာကို ၁လုံးဟုတ်တယ်။ မိုးတားလေးရွာ နားလေးဘဲ ရွာပေါ်တော့မကျဘူး PDF စခန်းရှိမယ်ထင်တဲ့နေရာကို ချသွားတာ ဟုတ်တယ်” ဟုပြောသည်။

ယမန်နေ့ကလည်း ကသာမြို့နယ် မိုးတားလေး ကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ