ဟိုကပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဟိုကပ်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းနှင့်ဇနီး တို့ကို ယမန်နေ့ မေလ ၃၀ရက်နေ့ ၆ နာရီ ဝန်းကျင်ခန့်က ၎င်း၏နေအိမ်ရှိ ဈေးဆိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ဟိုကပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ဟိုကပ်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျော်လီဆွေ နှင့် ဇနီးဖြစ်သူတို့ကို အိမ်ဈေးဆိုင်တွင် လာရောက်ပစ်ခတ်သွားပြီး ဈေးဝယ်သူတစ်ဦးလည်း သေနတ်ဒဏ်ရာရရှိကြောင်း အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။
“သူ့အိမ်က ဈေးဆိုင်မှာမှာ သတ်ခံရတာ၊ ဆရာက ရင်ဘတ်မှာ တစ်ချက်၊ ပုခုံးမှာတစ်ချက် သူ့မိန်းမက ပေါင်မှာ တစ်ချက် နို့အုံမှာတစ်ချက်၊ ဗိုက်မှာတစ်ချက် သုံးချက်ထိတယ်။ ဆရာက ဆေးရုံရောက်တာနဲ့ ဆုံးတာ၊ သူ့မိန်းမက စစ်ဆေးရုံရောက်မှ ည ၁၀ နာရီ ၁၀ မိနစ်မှာဆုံးတာ။ နောက်တစ်ယောက်က ယောကျ်ားလေး တစ်ယောက်က ဆီးခုံမှာထိတာ အခုသူစစ်ဆေးရုံမှာ” ဟု ယင်းကပြောသည်။
ဦးဂျော်လီဆွေမှာ ရှမ်း၊ဗမာလူမျိုး ဖြစ်ပြီး သူ၏ အမျိုးသမီးမှာ ကချင်လူမျိုးဖြစ်ပြီး ၎င်းတို့ကို မည်သူမည်ဝါပစ်သတ်သွားသည်ကို မသိရှိရသေးပါ။

ဟိုကပ်ကျေးရွာသည် မြစ်ကြီးနားမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ ကျေးရွာတစ်ခုဖြစ်ပြီး ရှမ်းလူမျိုးနှင့် ကချင်လူမျိုးများ အများစုနေထိုင်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ