ဖားကန့်မြို့နယ် မနကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ မနကျေးရွာအုပ်ချုပ်ရေးမှူးကို ယနေ့ မွန်းလွဲ ၂ နာရီခန့်က အမည်မသိ လက်နက်ကိုင်များ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်မြို့နယ် မနကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

 

NLD ပါတီ၏ ကျေးရွာဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည့် ဦးတင်စိုးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ကားတစ်စီးပေါ်မှ ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူက The 74 Media ကို ပြောသည်။

“အခု လုပ်သွားတာက ဘယ်က လုပ်သွားတာလဲ မသိဘူး။ ကားတစ်စီး လာပြီး လူနှစ်ယောက်က သေနတ်နဲ့ ပစ်သွားတာ၊ ပစ်ပြီးတာနဲ့ ချက်ချင်း ပွဲချင်းပြီး ဆုံးသွားတာ၊ ကြယ်နီ ကွမ်းယာဆိုင်ရှေ့မှာလဲ သွေးတွေ အိုင်နေတယ်” ဟု သူကပြောသည်။

ဦးတင်စိုးသည် သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့ကြောင်းသူက ဆက်ပြောသည်။

အသက် ၄၆နှစ်အရွယ် ဦးတင်စိုးသည် မနအုပ်ချုပ်ရေးမှူးတာဝန်ကို ၅နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ