Month: May 2021

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ လူနေအိမ်တွင် ဗုံးသီးကျခဲ့သော်လည်း မပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီး၌ ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် လူနေအိမ်အတွင်းသို့ ဗုံးသီးတစ်လုံးကျရောက်ခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရဆိုင်ရာ တရားဝင်ဝက်ပ်ဆိုဒ်များလွှင့်တင်

အမျိုးသားညီညွှတ်ရေးအစိုးရနှင့် ဝန်ကြီးဌာန ငါးခု၏ တရားဝင်ဝက်ပ်ဆိုဒ်များကို ယနေ့ မေလ ၃၁ ရက်တွင် စတင် လွှင့်တင်လိုက်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မိုးညှင်းတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ၏ ကြေညာချက်အမှတ် (၄/၂၀၂၁) မိုးညှင်းတက္ကသိုလ်၏ တရားဝင် ဝန်ထမ်းများအဖြစ် ကြေညာခြင်း။

ဟိုကပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဟိုကပ်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းနှင့်ဇနီး တို့ကို ယမန်နေ့ မေလ ၃၀ရက်နေ့ ၆ နာရီ ဝန်းကျင်ခန့်က ၎င်း၏နေအိမ်ရှိ ဈေးဆိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း...

ပူတာအို လုံရှာယန်ကျေးရွာအနီး သေနတ်သံများဆက်လက်ထွက်ပေါ်

ကချင်ပြည်နယ် ပူတာအိုမြို့ လုံရှာယန်ကျေးရွာအနီး ယနေ့ မေလ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်မှစတင်ကာ သေနတ်သံများပြန်လည်ထွက်ပေါ်လာသည်ဟု ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် စိန်ပီတာရဟန်းဖြစ်သင်တန်းကျောင်းတွင် စစ်ကောင်စီတပ်မှ ယမ‌န်နေ့ မွန်းလွဲ ၁ နာရီခန့်က ဝင်ရောက်ပစ်ခတ်ရာ၌ ကျဆုံးသွားသည် ဦးဖရေရယ် အသက် ၅၀ နှစ်၏ ဈာပနာ

မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရှာရှိပြည်သူ့စစ်စခန်းကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာရှိပြည်သူ့စစ်စခန်းကို ကေအိုင်အေက ယနေ့နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။