ပူတာအို

ကချင်ပြည်နယ် ပူတာအိုမြို့ လုံရှာယန်ကျေးရွာအနီး ယနေ့ မေလ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်မှစတင်ကာ သေနတ်သံများပြန်လည်ထွက်ပေါ်လာသည်ဟု ဒေသခံများထံမှ သိရသည်။

သေနတ်သံများထွက်ပေါ်လာခြင်းသည် ကေအိုင်အေတပ်ရင်း ၇ နှင့် စစ်ကောင်စီတပ်များအကြား လုံရှာယန်ကျေးရွာအနီးရှိ အင်ဒေါင်ဘွမ်တွင် ပစ်ခတ်တိုက်ခိုက်နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
သေနတ်သံများထွက်ပေါ်နေသည့် နေရာသည် ကေအိုင်အေ တပ်ရင်း ၇ အခြေစိုက်သည့်နေရာနှင့် မိုင်ပေါင်း ၈၀ ခန့်ကွာဝေးသည်ဟု ပူတာအိုဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။

ပူတာအိုတွင် ယမန်နေ့ မေလ ၂၉ ရက်နံနက်ပိုင်းတွင်လည်း စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေက တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ