ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိစစ်စခန်းများကို စစ်ကောင်စီက ယနေ့ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လိုင်ဇာမြို့အနီးရှိတပ်ရင်း ၁၉ ကိုဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အို၏ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“တပ်မ ၅ လက်အောက်ခံ တပ်ရင်း ၁၉ မှာလေယာဉ်နဲ့လာပစ်တယ် ခုကျွန်တော်တို့ကြားတာတော့ ၃ ခါကြားလိုက်တယ်” ဟုပြောသည်။
စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား လွန်ခဲ့သည့်အပတ်မှစတင်ကာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွါးနေပြီး လိုင်ဇာမြို့အနီးလေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။
Photo credit – စစ်ကောင်စီတပ်၏ YK 130 ဂျက်လေယာဉ်တစ်စီးကို တွေ့ရစဉ်
သင့်ထင်မြင်ချက်ရေးပေးပါ