စစ်​ကောင်စီအဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို ရိုက်နှက်ဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့မရပ်ကွက် စာကြည့်တိုက်ရှေ့တွင် ယနေ့ည ၉နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်မောင်းနှင်လာ​သော အမျိုးသားတစ်ဦးအား ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေနတ်ကိုင်ဆောင်ထားသည့် အရပ်ဝတ်ဖြင့်လူတစ်စုမှ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

” စာကြည့်တိုက်ရှေ့မှာ အိမ်စီးကားအနီထဲက လူငါးယောက်က ဆိုင်ကယ်နဲ့ ယောကျာ်းလေးကို ရိုက်တယ် မြေကြီး‌​ပေါ်မှာရော မှောက်ခိုင်းထားသေးတယ်။ ပြီးမှရဲကားရောက်လာပြီး ဖမ်းခေါ်သွားတာ” ဟုသူကပြောသည်။ အိမ်စီးကားတစ်စီး ရဲကားတစ်စီးနှင် လူအင်အား ကိုးဦးခန့်ရှိပြီး အိမ်စီးကားအနီတွင် အရပ်ဝတ်ဖြင့် လူငါးဦးမှာ သေနက်နှစ်လက် ကိုင်ဆောင်ထားသည်။

ဆိုင်ကယ်နှင့် အမျိုးသားအား အရပ်ဝတ်နှင့် လက်နက်ကိုင်လူတစ်စုမှ ရိုက်နှက်ပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရောက်ရှိလာ‌ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ