မင်းတပ်မြို့ 2

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီက MPT ဖုန်းလိုင်း ယနေ့ နံနက် ၁၀နာရီခန့်မှစတင်ပြီး ဖြတ်တောက်လိုက်ကြောင်း သိရသည်။

MPT ဖုန်းလိုင်းဖြတ်တောက်လိုက်သောကြောင့် မြို့တွင်းရှိ ပိတ်မိပြည်သူများနှင့် ဆက်သွယ်ရေးခက်ခဲနေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“မြို့ထဲကပိတ်မိသူတချို့ကို ဒီမနက်ကတည်းက အဆက်အသွယ်လုပ်နေတာ အခုထိမရသေးဘူး။ လိုက်ဆက်ကြည့်တိုင်း ဆက်သွယ်မှုဧရိယာပြင်ပပဲဖြစ်နေတာ။ လိုင်းဖြတ်ထားတာတော့ သေချာတယ်။ တခြားဖုန်းလိုင်းတွေလည်း မိတစ်ချက် မမိတစ်ချက်ပဲ”ဟု ပြောသည်။
မြို့အတွင်းတွင် ကျန်ရှိနေသူများမှာ ကျန်းမာရေးမကောင်းသူများနှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး တိုက်ပွဲတိမ်းရှောင်နိုင်ခြင်းမရှိဘဲ မင်းတပ်မြို့အတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
MPT ကဲ့သို့ အခြားဆက်သွယ်ရေးဖုန်းလိုင်းများကိုပါ ဖြတ်တောက်ခံရမည်ကို စိုးရိမ်နေကြောင်း မြို့တွင်းပိတ်မိနေသည့် ပြည်သူများထံမှ သိရသည်။

Photo Courtesy by Unknown

သင့်ထင်မြင်ချက်ရေးပေးပါ