ကချင်ပြည်နယ် အစိုးရနည်းပညာအထက်တန်းကျောင်းမှ CDM ဝန်ထမ်းများအား ၂၀၂၀ ခုနှစ် အောက်တိုဘာလက ထုတ်ချေးပေးထားသော ငွေအား ပြန်လည်ပေးသွင်းရန် မေလ ၁၇ ရက်နေ့က စစ်ကောင်စီမှ အကြောင်းကြားစာပေးပို့ခဲ့သည်ဟု သိရသည်။

ကိုဗစ်ကာလက ချေးငွေများဆပ်ရန် CDM ဝန်ထမ်းများကို စစ်ကောင်စီမှ အကြောင်းကြားစာပို့

 

CDM ဝန်ထမ်းများအား ကိုဗစ် ၁၉ ကာလအတွင်း အတိုးမဲ့ထုတ်ချေးခဲ့သော ၂ လစာ ချေးငွေများကို ဆောလျင်စွာ ပြန်လည်ပေးသွင်းရန် စစ်ကောင်စီမှ အကြောင်းကြားစာပေးပို့ခဲ့သည်ဟု အမည်မဖော်လိုသူ CDM ဝန်ထမ်းတစ်ဦးက The 74 media ကိုပြောသည်။
“CDM ဝန်ထမ်းအားလုံးကို စာတိုက်ကနေပို့လာတာ ဟုတ်တယ်။ မေ ၁၄ တုန်းက ရာထူးမှ ထုတ်ပယ်ကြောင်း မေ ၁၇ မှာတော့ ချေးငွေဆပ်ဖို့ပေါ့နော်။ ပြန်တော့ဆပ်ရမှာပေါ့ မရတဲ့အဆုံးတော့ ဆပ်ရမှာပေါ့ လောလောဆယ်တော့ မဆပ်နိုင်ဘူး။ ခြိမ်းခြောက်တာတွေလုပ်ခဲ့ရင်တောင် အဆုံးထိတော့ တောင့်ခံသွားမှာ။” ဟုသူကပြောသည်။

ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း ကပ်ရောဂါ၏ တက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို ၂၀၂၀ ခုနှစ် အောက်တိုဘာလက အတိုးမဲ့ ထုတ်ချေးခဲ့သော ချေးငွေဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ