မင်းတပ်မြို့တွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ နေရာထိုင်ခင်း ခက်ခဲမှုများရှိနေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိုက်လံပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများအနေဖြင့် နေရာထိုင်ခင်း ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။

မင်းတပ်မြို့တွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ နေရာထိုင်ခင်း ခက်ခဲမှုများရှိနေ

 

ထွက်ပြေးတိမ်းရှောင်သူများအားလုံးအတွက် ယာယီတိမ်းရှောင်စခန်းများစီစဉ်နေသော်လည်း နေရာထိုင်ခင်း ခက််ခဲမှုများရှိနေသောကြောင့် ဦးစားပေးပုဂ္ဂိုလ်များကိုသာ လက်ခံနေခြင်းဖြစ်ကြောင်း တိမ်းရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“တောထဲမှာပဲ အဆင်ပြေသလို မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေကြတော့ နေဖို့ထိုင်ဖို့ အရမ်းခက်ခဲပြီး ရေရှည်ဆိုရင် မလုံခြုံဘူး။ လက်ရှိ တိမ်းရှောင်စခန်းဖွင့်ထားတာက (၄)ခုပေါ့နော်။ အဲ့မှာလည်း ကလေးငယ်တွေ မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးလက်ခံထားနိုင်တယ် တောထဲမှာနေနေတဲ့ သူတွေလည်း ကျန်နေသေးတယ်။ အားလုံးကိုလက်ခံနိုင်ဖို့က နေရာမဆန့်တော့ ခရစ်ယာန်အသင်းတော်ဘုရားကျောင်းဝန်းတွေမှာပါ လက်ခံနိုင်ဖို့တော့ ကြိုးစားလုပ်ဆောင်နေတုန်းပါ။” ဟုသူကပြောသည်။
မင်းတပ်မြို့တွင် ထွက်ပြေးတိမ်းရှောင်နေသောပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးအတွက် မလွှဲမရှောင်သာ ကြိုးစားစီမံရခြင်းဖြစ်၍ အခြေခံစားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးများနှင့် မိုးကာတဲများလည်း လိုအပ်နေသေးကြောင်း သူက ဆက်ပြောသည်။

လက်ရှိအချိန်တွင် မင်းတပ်မြို့ရှိ လုပ်ရှဲရွာမှ စိန်မေရီကက်သလစ်ဘုရားရှိခိုးကျောင်း၊ ရှစ်မွှေးကျေးရွာမှ အ.မ.က စာသင်ကျောင်းဆောင်၊ ဝမ္မသူးရွာမှ ဗုဒ္ဓဘာသာဂေဟာကျောင်း၊ မဒမ်ရွာ(အမှတ် ၄ တိုက်နယ်) ကက်သလစ်ဘုရားကျောင်း တို့တွင် ယာယီတိမ်းရှောင်စခန်းများ ဖွင့်လှစ်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ