ဦးလင်းလင်းဦး

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကို ယ​နေ့ မွန်းလွဲ ၁၂နာရီခန့်က စစ်​ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာ​ရောက်ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သိရသည်။

ဦးလင်းလင်းဦး

 

စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ​မေးမြန်းရန်ရှိသည်ဟုဆိုကာ ဦးလင်းလင်းဦးကို ​ခေါ်​ဆောင်သွား​ကြောင်း အမည်မ​ဖော်လိုသူ ​ဒေသခံတစ်ဦးက​ The 74 Media ကိုပြောသည်။
“အကြမ်းဖက်စစ်ကောင်စီက အင်အားအပြည့်နဲ့ လာခေါ်သွားပါတယ်။ စစ်ကားနှစ်စီး ရဲကားတစီးပါ။ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး လာခေါ်သွားတာပါ”ဟုဆိုသည်။
ဦးလင်းလင်းဦးကို မည်သည့်​နေရာသို့ ခေါ်​ဆောင်သွားသည်ကို အတိအကျ မသိရ​သေး​​သော်လည်း စစ်တပ်သို့​ ခေါ်​ဆောင်သွားနိုင်​ကြောင်း သူကဆက်​ပြောသည်။

တရားလွှတ်​တော်​ရှေ့​နေတစ်ဦးဖြစ်သူ ဦးလင်းလင်းဦးသည် ၂၀၁၅ နှင့် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် တနိုင်းမြို့နယ်ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​နေရာတွင် ဝင်​ရောက်ယှဥ်ပြိုင်ပြီး ၂ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ