The 74 Media

တိုက်ပွဲဖြစ်ပွားစဉ်ပျောက်ဆုံးနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဦး၏ အလောင်းများပြန်တွေ့

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေချိန် ပျောက်ဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက် ၉ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မြောင်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီးထား၊ ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူနှစ်ဦးကို ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူသုံးထောင်ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက် ခြောက်နာရီခွဲခန့်က ကရင်နီပူး‌ပေါင်းကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့

ဖားကန့်သပိတ်ကို စစ်ကောင်စီ သေနတ်ပစ်ဖောက်ဖြိုခွင်း၊ ထိခိုက်သူမရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းချောင်းဆုံတွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ် အချိန် စစ်ကောင်စီအဖွဲ့ဝင်များမှ အရပ်ဝတ်ဖြင့် သပိတ်ကိုဖြိုခွင်းခဲ့ကြောင်းသိရသည်။

လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေ

ကရင်ပြည်နယ်၊ လေးကေ့ကော်ငြိမ်းချမ်းရေးကျေးရွာအနီးရှိ ဘဟိကလော်ကျေးရွာထိပ်တွင် ယနေ့ နံနက် ၁၀ နာရီခန့်မှစ၍ တိုက်ပွဲပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်ရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မွန်းလွှဲ ၁၂ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်အတွင်း စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီယာဉ်တစ်စီးနှင့် ဆိုင်ကယ်နှစ်စီးအား ယ‌မန်နေ့ ည ၆ နာရီခွဲခန့်က တန့်ဆည်မြို့နှင့် ငတန်းကျေးရွာကြားတွင် တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း...

ပူတာအိုတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက် (၅)တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ယမန်နေ့ ည ၁၀ နာရီခွဲအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ရွာလုံးကျွတ်မီးရှို့ခဲ့သောကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေသော ကဲဘာဒေသခံများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

စစ်ကောင်စီစစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့ခဲ့သောကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသော အရာတော်မြို့နယ်အတွင်းရှိ ကဲဘာကျေးရွာမှ ဒေသခံပြည်သူနှစ်ထောင်ခန့်သည် စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း သိရသည်။

ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူကို တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဟု ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းအပြင် နည်းမျိုးစုံဖြင့်သတ်ဖြတ်နေသည့် စစ်အာဏာသိမ်းခေါင်းဆောင်က ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ကန်ပိုင်တီနယ်စပ်ဂိတ်ဖွင့်လှစ်ခြင်းမရှိသေးသဖြင့် တစ်သျှူးငှက်ပျောများ အမှည့်လွန်

ကန်ပိုင်တီ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု သတင်းထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ဖွင့်လှစ်ခြင်းမရှိသေးသဖြင့် တရုတ်ပြည်တင်ပို့မည့် တစ်သျှူးငှက်ပျောများ အမှည့်လွန်ကုန်ကြောင်း သိရသည်။