စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီယာဉ်တစ်စီးနှင့် ဆိုင်ကယ်နှစ်စီးအား ယ‌မန်နေ့ ည ၆ နာရီခွဲခန့်က တန့်ဆည်မြို့နှင့် ငတန်းကျေးရွာကြားတွင် တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ကားတစ်စီးထိမှန်သွားသော်လည်း သေဆုံးမှုနှင့်ပတ်သက်ပြီး အတိအကျမသိကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကားအပြာရောင် ကားကြီးတစ်စီး နဲ့ ဆိုင်ကယ် နှစ်စီးပါ။ မိုင်းက၂ လုံးပါ။ ကားကိုတော့ ထိလိုက်တယ်ဗျ။ သူတို့ဖက် ကျနိုင်တယ်။ အရေအတွက်ကတော့ ခန့်မှန်းလို့ မရဘူး ညမှောင်နေတော့။ ကျွန်တော်တို့မိုင်းဆွဲတဲ့နေရာက သူတို့ကင်းပုန်း နှင့် အနီးဆုံးနေရာဖြစ်တဲ့အတွက် မသိနိုင်တာပါ” ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သူကပြောသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံ / CJ

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *