တန့်ဆည်မြို့နယ်တွင် ကင်းလှည့်ရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မွန်းလွှဲ ၁၂ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ လူအင်အား ၁၅ ဦးခန့်ပါဝင်သော ခြေလျင်တပ်ဖွဲ့သည် ကျွန်းတောကုန်းကျေးရွာအနောက်ဘက် ဆည်မြောင်းဘောင်ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်း တစ်လုံးတည်းပါ။ အကျအရှုံးက စကစ သုံးကောင်ကျတယ်။ နှစ်ယောက်ဒဏ်ရာရတယ်ဗျ။ သူတို့က ခြေလျင်ပါ။ မိုင်းထိမှ ကားခေါ်ပြီး အလောင်းတွေ ဒဏ်ရာရသူတွေ သယ်ကြတာ” ဟုပြောသည်။

ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို ဖလံချိုင်ကျေးရွာမှ စစ်ကောင်စီလက်ပါးစေ (ဒလန်) တစ်ဦး၏ ကားဖြင့်လာရောက်သယ်ဆောင်သွားသည်ဟု သူကပြောသည်။

တန့်ဆည်မြို့နယ်အတွင်း စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီယာဉ်တစ်စီးနှင့် ဆိုင်ကယ်နှစ်စီးအား ယ‌မန်နေ့ ည ၆ နာရီခွဲခန့်က တန့်ဆည်မြို့နှင့် ငတန်းကျေးရွာကြားတွင် တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *