ကရင်ပြည်နယ်၊ လေးကေ့ကော်ငြိမ်းချမ်းရေးကျေးရွာအနီးရှိ ဘဟိကလော်ကျေးရွာထိပ်တွင် ယနေ့ နံနက် ၁၀ နာရီခန့်မှစ၍ တိုက်ပွဲပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။
လေးကေ့ကော်သို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(KNLA) တို့ကြား တိုက်ပွဲပြန်လည်ဖစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။
“မေတ္တာလမ်းမြိုင်မှာရှိတဲ့ BGF စစ်ကြောင်းနဲ့မယ်ထော်သလင်းမှာ ညကတည်းကရှိနေတဲ့ စစ်တပ်ရဲ့စစ်ကြောင်းက အခု လေးကေ့ကော် ကိုဝင်ဖို့လုပ်နေတယ်၊ ဒီဘက်မရောက်ခင် မယ်ထော်သလင်းနဲ့ဘဟိကလော်မှာ တိုက်ပွဲဖြစ်နေတာ”ဟု သူကပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)မှ ယနေ့ နံနက် ၆ နာရီခန့်တွင်လည်း လေးကေ့ကော်ရပ်ကွက်များတွင် နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်တွင် စစ်ကောင်စီ၏ ရုပ်အလောင်းများလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
လေးကေ့ကော်တွင်တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှ ယခုအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်ကောင်စီစစ်ကြောင်းမှူးလည်းပါဝင်သည်ဟု အချို့သတင်းဌာနတွင် ဖော်ပြထားသည်။
Where there is a will, there is a way.
So you are a man or woman?