The 74 Media

မိုးဗြဲတွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသည်ဟုဆို

စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် ယမန်နေ့ နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ရှောင်ကလေးတစ်ဦး

စစ်ကောင်စီထောက်ခံသည်ဟုဆိုသည့် ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများနေထိုင်ရာ ကျေးရွာကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ ပုလဲမြို့နယ်တွင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘုတလင်တွင် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု စီးနင်းခံရပြီး အဖွဲ့ဝင်သုံးဦး မီးရှို့သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ယမန်နေ့ ညနေ ၃ နာရီခန့်က ဝင်ရောက်စီးနင်းခံရပြီး တပ်ဖွဲ့ဝင်သုံးဦးလည်း မီးရှို့ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

တစ်လကျော်ကြာတိုက်ပွဲများတွင် စစ်ကောင်စီအရာရှိများအပါအဝင် ၆၀ ကျော်ခန့်သေဆုံးသည်ဟုဆို

စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ကြား တိုက်ပွဲတစ်လကျော်ကြာဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီအရာရှိ စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၆၀ ထက်မနည်းသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးတွင် ဌာနဆိုင်ရာရုံးလေးခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသည်ဟုဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးလေးခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်သဖြင့် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးမြို့နယ်မြောက်ပိုင်းသို့ ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချောင်းဦး လ.ဝ.က ရုံးရှိ ကင်းစခန်း အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေပြီး လက်နက်ငယ်အချို့သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာန (လ.ဝ.က) ရုံး ယမန်နေ့ နံနက် ၇ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးတွင် စစ်ကောင်စီတပ်စခန်းနှစ်ခု ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုတွင် ယနေ့နံနက် ၄ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ရဲစခန်းအနီးရှိနေအိမ်တစ်လုံးတွင် ဓားပြတိုက်ခံရ

ဖားကန့်မြို့ လုံးခင်းကျေးရွာ ရဲစခန်းအနီးရှိ နေအိမ်တစ်လုံးတွင် ယနေ့နံက် ၉ နာရီခန့်က လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးနှစ်ဦးကို ကားတိုက်သဖြင့် သေဆုံး

ဝိုင်းမော်မြို့နယ်တွင် ကားတိုက်သဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးမှု ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် တည်းခိုခန်းပိုင်ရှင်တစ်ဦး ဓားပြတိုက်သတ်ဖြတ်ခံရ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် တည်းခိုခန်းပိုင်ရှင်အမျိုးသမီးတစ်ဦး ယမန်နေ့ညက ဓားပြတိုက်သတ်ဖြတ်ခံရကြောင်း သိရသည်။

ကျောက်စိမ်းပြမည်ဟုဆိုကာ ဓားပြတိုက်မှုဖြစ်ပွား၊ သိန်းထောင်ချီယူဆောင်သွားသည်ဟုဆို

ကျောက်စိမ်းပြမည်ဟု လိမ်လည်ကာ ကျောက်လုပ်ငန်းရှင်တစ်ဦးကို ဓားပြတိုက်မှုတစ်ခု ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် မေလ ၂၈ ရက်နေ့ည ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။