Month: January 2024

မြစ်ကြီးနားတွင် ကက်သလစ်ဘုရားကျောင်းမှ ကားတစ်စီးခိုးယူခံရ

မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း ယမန်‌နေ့ ညနေ ၆ နာရီခွဲခန့်က ကားတစ်စီးခိုးယူခံခဲ့ရကြောင်းသိရသည်။

ကျေးရွာအတွင်း မြေစာစွန့်ပစ်မှုများလာသဖြင့် ပြိုကျလာမည်ကို ဒေသခံများစိုးရိမ်

ဖားကန့်မြို့နယ်တွင် ဒေသခံပြည်သူများနေထိုင်သည့် ကျေးရွာအတွင်း လာရောက်စွန့်ပစ်ထားသည့် မြေစာပုံ အလွန်မြင့်လာသဖြင့် ပြိုကျလာမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ စားပွဲသောက်ပွဲကျင်းပနေချိန် တိုက်ခိုက်ခံရပြီး ရှစ်ဦးခန့်ဒဏ်ရာရ

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ ဝိုင်းမော်မြို့နယ်ရှိနေအိမ်တွင် စားသောက်ပွဲကျင်းပနေချိန် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသောကြောင့် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မိုးညှင်းတွင် စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကြောင့် သုံးရက်အတွင်း လေးဦးသေပြီး ခြောက်ဦးဒဏ်ရာရ

စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် သုံးရက်အတွင်း အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်းလေးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းအနီးတွင် ရဟတ်ယာဉ်တစ်စီးကို ယနေ့ မွန်းလွဲ နှစ်နာရီခွဲက တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ချခဲ့ကြောင်း ကရင်သတင်းဌာန (KIC) ဖော်ပြချက်အရသိရသည်။

အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ပြည်သူလူထု ကြိုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့သည့်အပြင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲကာ အောင်ပွဲရခဲ့သော KIA ပူးပေါင်းတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်းသိရသည်။  

မံစီမြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နံနက် ကိုးနာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

တနိုင်းမြို့နယ်မှ စစ်ကောင်စီစခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့ နေ့လယ် တစ်နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်တွင် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က စစ်ဆေးရေးဂိတ်အသစ်များဆောက်လုပ်ပြီး စစ်ဆေးရေးတင်းကြပ်လာ

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က ယခုရက်ပိုင်းအတွင်း ပူတာအိုမြို့အတွင်း စစ်ဆေးရေးဂိတ်များဆောက်လုပ်နေပြီး နေရာအချို့တွင်နေရာယူ စစ်ဆေးမှုများပြုလုပ်လာကြောင်း သိရသည်။

“သူများကိုလိမ်ပြီး ပိုက်ဆံ ၁၅ သိန်းရတဲ့ ဘဝကိုပျော်နေကြတာ” – အစော (အမည်လွဲ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) မှာ ၄ ရက်လုပ်ပြီး အလုပ်ထွက်ခဲ့တဲ့ လူငယ်တစ်ဦးက သူ့ရဲ့ အတွေ့အကြုံကို The 74 Media ကို...