Month: January 2024

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ ဒု-ဗိုလ်မှူးကြီးတစ်ဦးကို အရှင်ဖမ်းမိ

နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ချခံရသည့် ရဟတ်ယာဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေ၊ အရှင်တစ်ဦးဖမ်းမိဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ချခဲ့သည့် စစ်ကောင်စီတပ် ထောက်ပို့ရဟတ်ယာဉ်နှင့် သေဆုံးနေသည့် တပ်ဖွဲ့ဝင်ခြောက်ဦးရုပ်အလောင်းကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

လူမျိုးရေးအခြေမခံဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ဆောင်ရွက်မည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

လူမျိုးကိုအခြေခံသည့် ဖယ်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖယ်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားလိုက်သည်။

စစ်ကောင်စီတပ်စခန်း (၂) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ထုတ်ပြန်၊ တစ်ပတ်အတွင်း စခန်း (၅) ခုထက်မနည်းကို သိမ်းဆည်းရမိ

ရက္ခိုင်နှင့် ပလက်ဝမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခမောင်းဝစခန်းကုန်းနှင့် ချင်းလက်ဝစခန်းကုန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချ

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်၏ ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချ

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး ယနေ့မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချလိုက်ကြောင်း သိရသည်။

ဓာတ်ပုံနှစ်ပုံရဲ့ နောက်ကွယ်

ကရာတေးပြိုင်ပွဲတွေမှာ ဆုတွေရခဲ့ပေမဲ့ လက်ရှိအချိန်တော်လှန်ရေးရဲ့ ကျရာကဏ္ဍမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်နှစ်ဦးရဲ့အကြောင်းကို The 74 Media က တွေ့ဆုံမေးမြန်းထားပါတယ်။

တော်လှန်ရေးအင်အားစုများကြောင့် စစ်ကောင်စီစစ်ရှုံးနေပြီး ၂၀၂၄ တွင် အပြောင်းအလဲဖြစ်လာနိုင်ကြောင်း KIO ပြော

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု၏ ဟန်ချက်ညီတိုက်ခိုက်တော်လှန်မှုကြောင့် စစ်ကောင်စီတပ်က ခံနိုင်ရည်မရှိတော့ဘဲ စစ်ရှုံးနေပြီဖြစ်ကြောင်း KIO ဥက္ကဋ္ဌ က ပြောကြားလိုက်သည်။