ရက္ခိုင်နှင့် ပလက်ဝမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခမောင်းဝစခန်းကုန်းနှင့် ချင်းလက်ဝစခန်းကုန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ခမောင်းဝစခန်းကုန်းကို ဇန်နဝါရီလ (၂) ရက်နေ့နှင့် ချင်းလက်ဝစခန်းကုန်းတို့ကို (၃) ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ပလက်ဝမြို့  ခဝဲဗျူဟာကုန်းကို ဒီဇင်ဘာလ (၂၇) ရက်နေ့၊ အိန္ဒိယ-မြန်မာနယ်စပ် ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းကို ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရက္ခိုင်ဒေသနှင့်ပလက်ဝဒေသများရှိ စစ်ကောင်စီ၏ ကျန်ရှိသောစစ်စခန်းများကို တိုက်ခိုက်သိမ်းယူသွားရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကိုလည်း ထုတ်ပြန်ချက်နှင့်အတူ ဖော်ပြထားသည်။

သတင်း – Hkashi

ဓာတ်ပုံ – AA Info Desk

သင့်ထင်မြင်ချက်ရေးပေးပါ