ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းအနီးတွင် ရဟတ်ယာဉ်တစ်စီးကို ယနေ့ မွန်းလွဲ နှစ်နာရီခွဲက တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ချခဲ့ကြောင်း ကရင်သတင်းဌာန (KIC) ဖော်ပြချက်အရသိရသည်။

စစ်ကောင်စီရဟတ်ယာဉ်ကို စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်ရာတွင် လေယာဉ်မှူးကိုထိမှန်ခဲ့သောကြောင့် ယခုကဲ့သို့ ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ရဟတ်ယာဉ်သည် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ – ၃၅၅) အနီးရှိ တောအုပ်အတွင်းပျက်ကျခဲ့ပြီး ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် ငါးဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

ရဟတ်ယာဉ်ပစ်ချခံရမှုနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာကျေးရွာတွင် တိုက်လေယာဉ်တစ်စီးတို့ကို ယခုလအတွင်း KIA က ပစ်ချခဲ့သည်။

သတင်း – David

ပုံ – Karen Information Center(KIC)

သင့်ထင်မြင်ချက်ရေးပေးပါ