Month: May 2021

မင်းတပ်မြို့တွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ နေရာထိုင်ခင်း ခက်ခဲမှုများရှိနေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိုက်လံပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများအနေဖြင့် နေရာထိုင်ခင်း ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။

ဝိုင်းမော်မြို့တွင် ကချင်လူငယ်လေးဦးကို အရပ်ဝတ်နှင့် လက်နက်ကိုင်များ သေနတ်ထောက် ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ယမန်နေ့ မေလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အရပ်ဝတ်နှင့် လက်နက်ကိုင်များ သေနတ်ထောက်ကာ လူငယ်လေးဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီက မြစ်ကြီးနားတွင် ရိုးရာလက်ဝှေ့ပွဲကျင်းပမည်

ကချင်ပြည်နယ်စစ်ကောင်စီမှ ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မေလ ၃၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မင်းတပ်မြို့တွင် ရေဖြတ်တောက်ထားခံရသောကြောင့် ပြည်သူများ အခက်တွေ့နေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၁၇ ရက်နေ့မှ စတင်ပြီး ရေဖြတ်တောက်ထားသောကြောင့် ပိတ်မိပြည်သူများနှင့် ထွက်ပြေးတိမ်းရှောင်နေသောပြည်သူများ အခက်တွေ့နေသည်ဟု သိရသည်။

မိုးတွင်းကာလရောက်ရှိလာသည့်အတွက် ဘွမ်ရာယန်စစ်ရှောင်များ မိုးကာ လိုအပ်နေ

မိုးတွင်းကာသို့ ရောက်လာပြီဖြစ်သည့်အတွက် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် မိုးကာများ လိုအပ်နေသည်ဟု အဆိုပါစစ်ရှောင်စခန်း တာဝန်ခံတစ်ဦးထံမှသိရသည်။