မိုးတွင်းကာလရောက်ရှိလာသည့်အတွက် ဘွမ်ရာယန်စစ်ရှောင်များ မိုးကာ လိုအပ်နေ

မိုးတွင်းကာသို့ ရောက်လာပြီဖြစ်သည့်အတွက် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် မိုးကာများ လိုအပ်နေသည်ဟု အဆိုပါစစ်ရှောင်စခန်း တာဝန်ခံတစ်ဦးထံမှသိရသည်။

မိုးတွင်းကာလသို့ရောက်ရှိလာပြီဖြစ်သော်လည်း အကာအကွယ်လုံလောက်မှုမရှိကြောင်း အမည်မဖော်လိုသူ ဆရာတစ်ဦးက The 74 Media ကို ပြောသည်။
“မိုးတွင်းရောက်လာပြီဆိုတော့ အခက်အခဲတွေကတော့အများကြီးပါပဲ၊ သူ့ဟာနဲ့သူပေါ့၊ Camp ဆောက်ထားတဲ့နေရာက ချိုင့်ဆိုတော့ ရေဝပ်တယ်၊ မိုးကာတွေလိုအပ်နေတယ်” ဟု ပြောသည်။
အင်ဂျန်းယန်စစ်ရှောင်စခန်းသည် သွားလာရန်ခက်ခဲသောနေရာတွင်တည်ရှိပြီး စစ်ရှောင်များ၏ လိုအပ်သည့် အကူအညီများကိုလည်း စစ်ကောင်စီတပ်က တားဆီးပိတ်ဆို့ထားသဖြင့် ပိုမိုခက်ခဲနေသည်ဟု သူက ဆက်ပြောသည်။
လက်ရှိအချိန်တွင် အစားအသောက်များ နှင့် ကလေးများအတွက် ကျောင်းဝတ်စုံများလည်း လိုအပ်နေသည်ဟုဆိုသည်။

စစ်ကောင်စီနှင့် ကေအိုင်အေအဖွဲ့တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် အင်ဂျန်းယန်မြို့နယ် ၁၇ မိုင်အထက်ရှိ ကျေးရွာများအားလုံးမှ အိမ်ထောင်စု ၁၃၁ စု၊ လူဦးရေ ၅၅၉ ဦးသည် မတ်လ ၁၅ရက်နေ့ကတည်းက ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာ၍ ဘွမ်ရာယန်ကျေးရွာ အနီးတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ