စစ်ကောင်စီက မြစ်ကြီးနားတွင် ရိုးရာလက်ဝှေ့ပွဲကျင်းပမည်

ကချင်ပြည်နယ်စစ်ကောင်စီမှ ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မေလ ၃၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

လက်ဝှေ့စိန်ခေါ်ပွဲတွင် နာမည်ကြီးရွှေခါးပတ်ချန်ပီယံ၊ ဆီဂိမ်းလက်ရွေးစင်၊ ရွှေတံဆိပ်ဆုရ ကစားသမားများပါဝင်သော တွဲဆိုင်း ၈ ဆိုင်းအပြင် မျိုးဆက်သစ်ကစားသမားပါဝင်သော တွဲဆိုင်း ၄ ဆိုင်း၊ အမျိုးသမီးတွဲဆိုင်း ၁ ဆိုင်းတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုလက်ဝှေ့စိန်ခေါ်ပွဲသည် ဝင်ကြေးအခမဲ့ဖြစ်ပြီး ဝင်ရာက်ယှဉ်ပြိုင်ထိုးသတ်သွားမည့် ကစားသမားများ၏ အမည်နှင့် ပြိုင်ပွဲကျင်းပသွားမည့် အချိန်နှင့်နေရာကိုမူ မသိရှိရသေးပါ။

ကချင်ပြည်နယ်တွင် ယခင်က အာဏာရအစိုးက ကျင်းပသည့် လက်ဝှေ့ပွဲနည်းပါးပြီး စစ်ကောင်စီက အာဏာသိမ်းပြီး သုံးလအတွင်း လက်ဝှေ့ပွဲကျင်းပခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ