Month: May 2021

မိုးမောက်တွင် ကေအိုင်အေနှင့် အေအေပူးပေါင်းတပ်များနှင့် စစ်ကောင်စီတိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် တာဝါတိုင်ကုန်းတွင် ယမန်နေ့ မေလ ၂၄ ရက်နေ့က နံနက် ၇ နာရီမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ရခိုင့်တပ်မတော်...

ဖားကန့် မမုံတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးသွား

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်မှုများပြုလုပ်ပြီး လုံခြုံရေးကင်းစောင့်နေသော လူငယ်များအပါအဝင် ပြည်သူ ၇ ဦးထက် မနည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဟိုပင် ဝက်ကုန်းတံတား မိုင်းခွဲခံရပြီး ဆိုင်ကယ်မောင်းနှင်လာသူ လူတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ယမန်နေ့ မေ ၂၄ ရက်နေ့၊ ည ၈ နာရီခွဲခန့်အချိန်တွင် ဝက်ကုန်းတံတား မိုင်းခွဲခံရပြီး လူတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်မှ ဓာတုလက်နက် အသုံးပြု၍ တိုက်ခိုက်​နေဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ရှိ ထင်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် CDF တို့ ယမန်နေ့က တိုက်ပွားဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဓာတုလက်နက်အသုံးပြုခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ရှိ ထင်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် CDF တို့ ယမန်နေ့က တိုက်ပွားဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဓာတုလက်နက်အသုံးပြုခဲ့သည်ဟု သိရသည်။

မြစ်ကြီးနားမြို့က မြေမြင့်အုပ်ချုပ်ရေးမှူး နေအိမ်တွင်ပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး​မောင်မောင်ကြည်၏ ​နေအိမ်တွင် ယနေ့ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်သံများ ဆက်တိုက်ကြား​နေရ

ကချင်ပြည်နယ်၊ ဟိုပင်မြို့ ဝက်ကုန်းတံတားအကျော်တွင် ယနေ့ည ၈နာရီခွဲခန့်တွင် ပေါက်ကွဲမှုများနှင့် သေနတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့မှ မြေမြင့်အုပ်ချုပ်​ရေးမှူးရုံး မီး​လောင်​နေ

မြစ်ကြီးနားမြို့ ​မြေမြင့်ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးသည် ယနေ့ည ၉ နာရီခန့်မှ စတင်ပြီး မီးလောင်​ကျွမ်းနေ​ကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ လေယာဉ်များဖြင့် စစ်အင်အားဖြည့်တင်း​နေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့မနက် ၁၀ နာရီကျော်ဝန်းကျင်၌ စစ်ကောင်စီတပ်မှ စစ်အင်အားတင်ဆောင်လာသည့် လေယာဉ်နှစ်စီး လွိုင်ကော်လေဆိပ်တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။