ဟိုပင် ဝက်ကုန်းတံတား မိုင်းခွဲခံရ

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ယမန်နေ့ မေ ၂၄ ရက်နေ့၊ ည ၈ နာရီခွဲခန့်အချိန်တွင် ဝက်ကုန်းတံတား မိုင်းခွဲခံရပြီး လူတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ဟိုပင် ဝက်ကုန်းတံတား မိုင်းခွဲခံရ

 

ဟိုပင်မြို့တွင် ဝက်ကုန်းတံတား(ခေါ်)နတ်ကြီးကုန်းတံတား မိုင်းခွဲခံရသောကြောင့် လူတစ်ဦးသေဆုံးသွားခြင်းဖြစ်သည်။ ထို့အပြင် တံတားအနီးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်များ ပျက်စီးမှုများရှိပြီး ဒဏ်ရာရသူများလည်းရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ညက နေရာတစ်ကာပစ်နေတယ်၊ တံတားမိုင်းကွဲတော့ မနေ့က သွားမကြည့်ရဲဘူး၊ ဒီမနက်မှ သွားကြည့်တာ ဆိုင်ကယ်နဲ့ လူတစ်ယောက်ဆုံးတယ်၊ ခေါင်းကရှာမတွေ့ဘူး၊အသားတွေတောင် အဝေးကြီးလွင့်စင်ကျန်နေတာ၊ အဲ့နားက ဘုန်းကြီးကျောင်းတံတားမှန်တွေ ကွဲသွားတယ်၊ ကိုရင်တစ်ပါးကိုလည်း မှန်စတွေထိတယ်၊ တစ်ချို့အိမ်ထံရံတွေစုတ်သွားတယ်”ဟုသူကပြောသည်။

ယမန်နေ့ည ၈ နာရီခန့်မှ စ၍ ည ၁၁ နာရီခန့်အချိန်ထိ ဆက်လက်ပစ်ခတ်သံများ ကြားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ