ဟိုပင်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွာ

ကချင်ပြည်နယ်၊ ဟိုပင်မြို့ ဝက်ကုန်းတံတားအကျော်တွင် ယနေ့ည ၈နာရီခွဲခန့်တွင် ပေါက်ကွဲမှုများနှင့် သေနတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယ​နေ့ည ၉နာရီ​ကျော်အချိန်အထိ ​သေနတ်သံများကြား​နေရ​ကြောင်း အမည်မ​ဖော်လိုသူ ​ဒေသခံတစ်ဦးက​ The 74 Media ကို​ပြောသည်။

“၈ နာရီခွဲလောက်က ပေါက်ကွဲသံကြားတာ၊ သေနတ်က ဆယ်ချက်ကျော်တယ်၊ ခုရော ပစ်နေတုန်းပဲ မိုင်းက တစ်လုံးကွဲတယ်၊ အိမ်တောင်တုန်တယ်၊ ဝက်ကုန်းတံတားကျော်လို့ပြောတယ်”ဟုပြောသည်။

ဟိုပင်မြို့နယ်အတွင်း ပေါက်ကွဲသံများနှင့် တံတားများ မိုင်းကွဲမှု မကြာခဏ ဖြစ်ပွားကြောင်းသိရသည်။

Photo Courtesy By CJ

သင့်ထင်မြင်ချက်ရေးပေးပါ