Breaking!!!

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး​မောင်မောင်ကြည်၏ ​နေအိမ်တွင် ယနေ့ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် အသံမိုင်းနှစ်ချက်ပေါက်ကွဲခဲ့ကြောင်း အမည်မဖော်လိုသူ ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“၈နာရီ ၅၅မိနစ် မီးမလောင်ခင်မှာ ပေါက်တာ အသံမိုင်းဟုတ်တယ်။ တစ်ပြိုင်တည်း နှစ်လုံးပေါက်တာ”ဟုသူကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီး၊ ဒဏ်ရာရ၊ ​သေဆုံးမှု ရှိ/မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် အသံမိုင်းပေါက်ကွဲပြီးနောက်တွင် မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ