May 24, 2021
မင်းတပ်မြို့တွင် စစ်ကောင်စီတပ်မှ ဓာတုလက်နက် အသုံးပြု၍ တိုက်ခိုက်​နေဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ရှိ ထင်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် CDF တို့ ယမန်နေ့က တိုက်ပွားဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဓာတုလက်နက်အသုံးပြုခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်မှ ဓာတုလက်နက် အသုံးပြု၍ တိုက်ခိုက်​နေဟုဆို

 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးများမှ အငွေ့ဖြူများရှူရှိုက်မိသော CDF အချို့မှာ ကျန်းမာရေးဆိုးရွားစွာထိခိုက်မှုရှိသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“တိုက်ပွဲအတွင်းမှာ အဲ့အငွေ့ဖြူကို ထိမိတဲ့သူတွေက လက်ရှိ မူးဝေ၊ အော့အန်ပြီး သတိမေ့တဲ့အထိဖြစ်နေတာပါ။ အခုအားဆေးသွင်းထားရပါတယ်။ ဆေးရုံရောက်ပြီး သေတာလည်း ရှိလိမ့်မယ်။ အသေအပျောက်ကတော့ အတိအကျ မသိရသေးဘူး”ဟု ပြောသည်။
အဆိုပါ ဓါတုလက်နက်ကို စံမင်းသရိတိုက်ပွဲတွင် ပထမအကြိမ်စသုံးခဲ့ပြီး ယမန်နေ့ကတိုက်ပွဲတွင် ဒုတိယအကြိမ် ထပ်မံအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ထိုတိုက်ပွဲတွင် CDF မှ ဓာတုလက်နက်များရှူရှိုက်မိ၍ ကျန်းမာရေးထိခိုက်မှုများရှိသော်လည်း စစ်ကောင်စီဘက်မှ တစ်ဦးကျဆုံး၍ သုံးဦးဒဏ်ရာရသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ